COVID 2019 ကူးစက်ရောဂါအန္တရာယ်ကြိုတင်ကာကွယ်




ချစ်ခင်လေးစားတန်ဖိုးထားရပါသော ဝယ်ယူအားပေးကြသော Customers များနှင့် ကမ္ဘာတစ်ဝန်းရှိပြည်သူ/ပြည်သားများအနေဖြင့်  တရုတ်ပြည်သူသမ္မတနိုငငံမှ စတင်ဖြစ်ပွားလျှက်ရှိသော တကမ္ဘာလုံးဆိုင်ရာကူးစပ်ပြန့်ပွား၍ကပ်ရောဂါအဖြစ်သတ်မှတ်ထားသော COVID - 2019 ရောဂါးအား လေထဲမှတစ်ဆင့် လျှင်မြန်လွယ်ကူစွာကူးစက်နိုင်တာကြောင့် အထူးသတိပြု၍နေထိုင်ကြဖို့ အထူးသတိပေးအပ်ပါတယ် 🙏

COVID - 2019 တစ်ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါအဖြစ်သတ်မှတ်ထားသောကြောင့် ပြည်သူ/သားများအနေဖြင့်အထူးရှောင်ကျဉ်ရန်လိုအပ်သော လူစုလူဝေးနေရာများ ကိုမဖြစ်မနေသွားလာလိုပါက Mask တပ်၍သော်လည်းကောင်း ၊ Hand Gel ( လက်သန့်ဆေးရည် ) များဆောင်ထား၍သော်လည်းကောင်း ၊ လက်ကိုမကြာခဏဆေးကြော၍သော်လည်းကောင်းကြိုတင်၍ ကွာကွယ်နိုင်ကြဖို့အတွက် အထူးတိုက်တွန်းအပ်ပါတယ် ။

အချိန်နှင့်အမျှကူးစက်ခံရသော နိုင်ငံများနှင့် ကူစက်ခံရသောလူဦးရေများကို ကမ္ဘာကျန်းမာရေးအဖွဲ့စည်းဖြစ်တဲ့  (World Healt Orgazition ) နှင့် မြန်မာနိုင်ငံ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနများမှလဲအချိနိနှင့်တပြေးညီထုတ်ပြန်လျှက်ရှိပါတယ် ။

အများပြည်သူများအနေဖြင့်တစ်ချို့သောသတင်းအမှားများကိုမယုံကြည်ကြဖို့နှင့် စိုးရိမ်မှုမလွန်ကဲဖို့အတွက်လည်းအထူးသိပေးတိုက်တွန်းအပ်ပါတယ် ။

နေ့စဉ် သတင်းအချက်လက်များကို https://www.facebook.com/MinistryOfHealthAndSportsMyanmar/ ယခုလင့်ခ်မှလည်းမှန်ကန်သောသတင်းများကိုဖတ်ရှူနိုင်ပါတယ်

ကြိုတင်ကာကွယ်နိုင်သောနည်းလမ်းများ
_______________________________________

၁ ။ ကိုယ်ခံအားကောင်းမွန်အောင် ကျန်းမာရေးနှင့်ညီညွတ်သောအစားအစာများနှင့်သန့်ရှင်းလတ်ဆက်သောအစားအစာများကိုစားသုံးပါ ။

၂ ။ မကြာခဏ လက်ကိုစင်ကြယ်စွာဆေးကြောပါ ။

၃ ။ အိပ်ရေးဝဝအိပ်ပြီး ရေများများသောက်ပါ အချိန်မှန်မှန်စားပါ ။

၎ ။ အထူးသဖြင့် ဖျားနာခြင်း ၊ အသက်ရှူမဝခြင်း ၊ မောပန်းခြင်းများဖြစ်လာပါက နီးစပ်ရာဆေးရုံ/ဆေးခန်းများသို့အမြန်ဆုံးသွားရောက်၍ပြသပါ ။

     * တစ်ကမ္ဘာလုံးကျန်းမာ၍ စိတ်ချမ်းသာကြပါစေ *

The Best Quality Hotel Supply
          [ Head Office ]
             19. 3. 2020

Comments

Popular posts from this blog

ဝန်ထမ်းထောက်ပံ့ကြေးဖောင် - Staff Subsidy Form

Social Media App Announcement

End Of Year Sale Promotion